Feb 6, 2008

မရှိဘူး Remix


မရှိဘူး ... မရှိဘူး ... မရှိဘူး
ဖတ်စရာပါတဲ့ သတင်းစာ မရှိဘူး
လူ့အခွင့်အရေး လေးစားတာ မရှိဘူး
မီး ၂၄ နာရီလာတဲ့ မြို့သစ်ကြီးတွေ မရှိဘူး
မိုးလုံးပြည့် မုသာဝါဒနဲ့ ကင်းတဲ့နေရာ မရှိဘူး
မြန်မာ့အားကစား ကမ္ဘာလွှမ်းရမယ်ဆိုတာ မရှိဘူး
လူကြားကောင်းအောင် ဟစ်ပြီး စိတ်မလုံတာ မရှိဘူး
ဒီမိုကရေစီကျကျ စဉ်းစားတွေးခေါ်တတ်တာတွေ မရှိဘူး
မပြီးနိုင်မစီးနိုင် ညီလာခံကို အားပေးထောက်ခံတာ မရှိဘူး
နေ့ခင်းကြောင်တောင် ဘာမှန်းညာမှန်းမသိ အဖမ်းခံရတာ မရှိဘူး
လူတစ်စုကောင်းစားရေးကြောင့် လူထုကောင်းစားရေးဆိုတာ မရှိဘူး
ခေတ်မီသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးဆိုတာ မရှိဘူး
ခင်ဗျား အခုဖတ်နေတဲ့ “မရှိဘူး Remix” ကဗျာဟာ တကယ်တော့ မရှိဘူး။

ညီမင်းနိုင်

3 comments:

sarpaelulin said...

Yes, Nothing have. :)

pandora said...

မရှိဘူးဆိုတာကို မပြောရဘူး ဆိုလို့ မရှိဘူးဆိုတဲ့စကားလည်း မရှိဘူး။

Unknown said...

yes,u r right.our country have nothing..we lost everythings..