Oct 28, 2006

အပြုံး=ကဗျာ

မင်းရဲ့ .. အဲဒီအပြုံးတစ်ပွင့်က
ငါ့ရဲ့ .. ရင်ဘတ်ထဲက ကဗျာအတွက် မျိုးစေ့။

မင်းရဲ့ .. အဲဒီစကားသံတစ်ခုက
ငါ့ရဲ့ .. မတီးတာကြာပြီဖြစ်တဲ့ ဂစ်တာတစ်လက်ရဲ့အသံ။

မင်းက .. မင်းရဲ့အပြုံးကို စာလုံးပေါင်းပြတော့
ငါက .. မင်းရဲ့စကားသံကို အသံထွက်ဖတ်မိတယ်။

မင်းက .. ရယ်မလား
ငါက .. တယုတယသိမ်းထားတဲ့ နှစ်ချို့ကဗျာတွေပါ။

ဒီကဗျာတွေရဲ့ အစဟာ မင်းအပြုံး
ဒိကဗျာတွေရဲ့ အဆုံးဟာ မင်းအသံ
တိတ်တဆိတ် (ဒါမှမဟုတ်) အမှတ်မထင်
ကဗျာပင်လေး အသက်ဝင်လာပြီ ဆိုပါတော့ .. ။ ။

ခေလွန်း

2 comments:

ကောင်မလေးနဲ့  ကောင်လေး said...

ဒီကဗျာတွေကို ကျတော့ ဖေ့ဘုတ်မှာ တင်ခွင့်ပြုပါ

ကောင်မလေးနဲ့  ကောင်လေး said...
This comment has been removed by the author.