Aug 7, 2006

မိုးလေ၀သ

ချောက်နက်ထဲမှာ
အကျဉ်းကျလိပ်ပြာ
ယုံကြည်ချက်ဗလာတွေ သော့ခတ်ထား
ငါ့အနားမှာ ငါရှိမရှိမသေချာတော့
ဒီလိုပေါ့လေ
ဘ၀ဆိုတာ
ဘောလုံးပွဲတစ်ပွဲလောက်တောင် ရေရာမှုမရှိဘူး။

မနက်ဖြန်ရဲ့လမ်းများဆိုတဲ့ ဇော်ဝင်းထွဋ်ရဲ့သီချင်းဟောင်းကို
ဟောဒီရင်ဘတ်အဟောင်းနဲ့ အသံကုန်အော်ဟစ်
စိတ်ညစ်ရင် .. ဂစ်တာတီးလို့ ဘယ်သူနားချဦးမလဲ
နှစ် ကြိုးပြတ်နေတဲ့ ဂစ်တာကို အားနာတယ်။

အဲဒီနေ့က
မိုးလေ၀သကြေညာချက်အပြီး
မှန်ထဲအမှတ်တမဲ့ကြည့်မိတော့
ခြောက်ကြိုးစလုံး ပြတ်နေတဲ့ဂစ်တာဟာ ငါဖြစ်နေတယ်။

ခေလွန်း

1 comment:

Anonymous said...

အပြုံးကဗျာ