Feb 4, 2009

ယောနသံနဲ့ တွေ့ဆုံခြင်း

“ယောနသံနဲ့ တွေ့ဆုံခြင်း”

ပျံသန်းမှုကို တတ်မြောက်ဖို့
ပျံသန်းမှုက လွတ်မြောက်ဖို့
ငါတို့ ပျံသန်းကြတယ်

ရှေ့က ကျောက်ဆောင်ကို ၀င်တိုးဖို့
အောက်က ချောက်နက်ထဲ ထိုးဆင်းဖို့
ငါတို့ ပျံသန်းကြတယ်

ပျံသန်းမှုကို အဓိပ္ပာယ်ဖွင့်ဖို့
ပျံသန်းမှုက ဖောက်ထွက်ဖို့
ငါတို့ ပျံသန်းကြတယ်

သွားလိုရာကို တမဟုတ်ချင်းရောက်ဖို့
နာမ်နဲ့ရုပ်နဲ့ ကွဲပြားအောင် ရှုမှတ်သိမြင်ဖို့
ငါတို့ ပျံသန်းကြတယ်

လောကဓမ္မကို နားလည်ဖို့
သောင်ပြင်ပေါ်က ဌက်တွေထက် အမြင့်ကြီးပျံဖို့
ငါတို့ ပျံသန်းကြတယ်။

သောင်ပြင်ပေါ်မှာ ခြေရာတွေ များပေမယ့်
တိမ်တွေပေါ်မှာ ခြေရာတွေ နည်းတယ်
သာမန်လောက် ပျံကြတာ များပေမယ့်
စိတ်စေရာအတိုင်း ပျံကြတာ နည်းတယ်
ယောနသံရဲ့ စကားသံအဆုံးမှာ
ငါတို့ ပျံသန်းကြတော့တယ်။

ခေလွန်း

4 comments:

pandora said...

ပျံသန်းမှုကို တတ်မြောက်ဖို့
ပျံသန်းမှုက လွတ်မြောက်ဖို့ .. တဲ့လား

လေကိုဆန်ပြီး အတောင်ပံတွေသွေးရင်း တိမ်တွေကို ဖောက်ကြတာပေါ့။

Unknown said...

ပျံသန်းမှုက လွတ်မြောက်ဖma la ?

Anonymous said...

မပျံသန်းကြဖို့ ...
လာလာ ပျံစရာမလိုဘဲ သွားလို့ရတဲ့နေရာတွေရှိတယ် ...
လိုက်ပြမယ် ... လာလာ ...

Gardener said...

သာမန်လောက် ပျံကြတာ များပေမယ့်
စိတ်စေရာအတိုင်း ပျံကြတာ နည်းတယ်