Dec 31, 2008

၂၀၀၉ မနိုးသေးခင် ရေးတဲ့ကဗျာ

အလန့်တကြား အိပ်ပျော်နေရာက
နှစ်နှစ်ခြိုက်ခြိုက် နိုးထလာခဲ့
အညောင်းအညာပြေ လမ်းလျှောက်ထွက်လာတဲ့ ငှက်တွေကို
အတောင်ခပ်ပြင်းပြင်းခတ် ပျံရင်းနဲ့ နှုတ်ဆက်ခဲ့
မဖတ်ဖြစ်လိုက်တဲ့ မနက်စာအစား
သတင်းစာ တစ်စောင်ကိုပဲ မျိုချဖြစ်ခဲ့
အရာအားလုံး ငြိမ်သက်သွားတဲ့အခါ
အဆူညံဆုံး အသံဟာ ငြိမ်သက်ခြင်း ဖြစ်မလား
အငြိမ်သက်ဆုံး အသံဟာ ဆူညံခြင်း ဖြစ်မလား။

သင်္ကေတတွေ ၀ါးထားလိုက်
နိမိတ်ပုံတွေ မေ့ပစ်လိုက်
အစ်ဇင်တွေ အကုန် နားထားလိုက်
ကဗျာတစ်ပုဒ်လောက် ရှိုက်ရင်း
ဆေးလိပ်တစ်လိပ်လောက် ချရေးကြည့်တယ်
Jack Daniel လက်ကျန်တွေ တီးခတ်ရင်း
ဂစ်တာတစ်လက်နဲ့ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် သောက်
အဲဒီဂစ်တာ မူးပြီး မှောက်သွားတဲ့အထိ။

ပြီးခဲ့တဲ့နှစ်သစ်ကူးညက ရိုက်ဖြစ်တဲ့ ပုံကို ပြန်ကြည့်ဖြစ်တဲ့အခါ
ခုတော့
တစ်ယောက်က ကွန်ဂိုမှာ
တစ်ယောက်က ဆန်ဖရန်မှာ
တစ်ယောက်က ဘားအံထောင်မှာ
တစ်ယောက်က ...
တစ်ယောက်က ...
တစ်ယောက်က ... ။

hapPY neW yeAR !!!
အော်သံတွေ ရုတ်တရက် ထွက်လာတယ်
နယူးရီးယားတဲ့လား
Cheers! ပါ သူငယ်ချင်းတို့ရေ .. ။ ။

ခေလွန်း
ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၀၈
နံနက် ၂ နာရီ ၃၀ မိနစ်

(၂၀၀၈ ခုနှစ်အတွက် နောက်ဆုံး ရေးဖြစ်တဲ့ ကဗျာ)

2 comments:

sarpaelulin said...

NyiNyi!

မနှစ်ကအချိန်တွေကို သတိရတယ်ကွာ.. ငါတို့အားလုံး အတူပျော်ခဲ့ကြတဲ့ နှစ်သစ်ကူးည.. PasirRis ကမ်းခြေက လေကို တ၀ကြီးရှူရင်း.. HAPPY NEW YEAR တူတူအော်ခဲ့ကြတယ်.. သဘောင်္တွေနဲ့ အပြိုင်.. မင်းကလည်း ဥသြတွေဆွဲလို့… :P ကြိုမပြောထားဘဲ ရုတ်တရက် ဖုန်းဆက်ပြီးရောက်လာတဲ့… ကိုငယ်..ဟိုလိုလူ.. နေဘုန်းလတ်နဲ့.. မောင်ပွတ်… အားလုံး တပျော်တပါးတီးကြ ဆိုကြ…အော်ခဲ့ကြတယ်.. အခုတော့ မင်းကဗျာလေးလိုပဲ…ငါတို့ အားလုံး တနေရာစီမှာ.. ဒါပေမယ့်..အားလုံး စိတ်ထဲ ရင်ထဲမှာတော့.. ဒီနေ့ ည.. အရင်နှစ်ကလိုပဲ. ပြိုင်တူ အော်ကြမယ် သူငယ်ချင်း.. HAPPY NEW YEAR 2009………!!!!

nhlinn

Anonymous said...

" SOMETIMES LIFE CAN BE KINDA LIKE A ROLLERCOASTER RIDE.

It's like you're going along and everything seems cool...

And it's not like you're looking down but you're not necessarily looking up... to see

Obviously, it's no big secret that our life has always been kinda like a roller coaster.

Now we are in different part of the world.

Things are seem like yesterday, but we are in present now,

We shall shout out loud
Happy new Year 2009