Dec 5, 2008

ဘောလုံးပွဲ

ကြည့်ရမယ်
အားသာချက်ကဘာလဲ
သူတို့က ဂိုးရဖို့
ဘောလုံးကို ရှေ့တန်းဆီတိုက်ရိုက်ကန်ပို့တယ်။

ကျနော်တို့က
ဘောလုံးကိုခြေထဲမှာ
ပိုပြီးထားကစားကြတယ် မဟုတ်လား။

ဘ၀မှာဒီလို
မတူကွဲပြားတဲ့ ကစားဟန်တွေရှိပါရဲ့
ဒါပေမယ့်
ကျနော်တို့မှာ
တိုက်စစ်မှူးကောင်းကောင်းမရှိဘူး
နောက်ပိုင်း ခံစစ်သမားတွေလည်း အားနည်းခဲ့။

ပြီးတော့
သူ့လူ ကိုယ့်လူနဲ့
ဒဏ်ရာရစာရင်း ခပ်များများ
တန်းဆင်းဇုန်ထကြ အဟောင်းတွေနဲ့
အပြောင်းအရွှေ့စာချုပ် ခပ်များများ
ဖာဂူဆန်လို
မော်ရင်ညိုလို
စွမ်းရည်ပြည့် နည်းပြမျိုးရှားတယ်။

ဒီလိုနဲ့
တစ်သင်းလုံး တက်လိုက်ဆင်းလိုက်
တိုင်ထိပြီး ပြန်ထွက်လိုက်
ဘေးချော်လိုက်နဲ့
အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ
ကျနော်တို့
အခုထိ ဂိုးမရသေးဘူး။ ။

မင်းချမ်းမွန်
(စင်္ကာပူထုတ် Shwe Myanmar Magazine မှ ကဗျာဆရာ မင်းချမ်းမွန်၏ ကဗျာကို ကူးယူဖော်ပြပါသည်)

1 comment:

Anonymous said...

ဒီကဗျာခေါင်းစဉ်လေး "ဘောလုံးပွဲ" ကိုတွေ့တော့ နေဘုန်းလတ် ကိုသတိရမိတယ်။
၂၀၀၄ ခုနှစ်လောက်က ဘောလုံးပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ကျွန်တော်ကဗျာတစ်ပုဒ်ရေးထား တာကို နေဘုန်းလတ်တွေ့ပြီး သူကလည်း အဲ့ဒီ နာမည်နဲ့ပဲ ကဗျာတစ်ပုဒ်ကို လက်တန်းကောက် ရေးပြသွားတယ်။ စာရွက်အပိုင်းလေးတွေမှာ ရေးခဲ့တဲ့ ကဗျာနှစ်ပုဒ်ကို ခုပြန်ရှာလို့မတွေ့တာ နှမြောစရာပဲ။ အဲ့ဒီအချိန်တုန်းက သူ့စာတွေကို စံပယ်ဖြူ မဂ္ဂဇင်းမှာတွေ့နေရပြီ။