ပင်လယ်က ထွေးထုတ်လိုက်တဲ့
အမှိုက်စ တစ်စပမာ
နာကျင်စွာ
ငါ ကျကျန်ခဲ့ပြီ။
ရဲရင့်ခိုင်မာ
နင်းလျှောက်လိုက်စမ်း
အပ်ဖျားထုံး
ပက်ကျိနှုတ်ခမ်းတွေပေါ်။
လိုအပ်မှုထက်
ပိုမို
နှုတ်ဆိတ်
ဆွံ့အ
အသံကြောင်ဗုံတို့ရဲ့
ထုံသံနဲ့
ဖွဲ့နွဲ့ဦးမယ်
မီးကျိုးမောင်းပျက် ၀ါကျများ။
အညွှန်းမပါတဲ့
ရက်လွန်ဆေးတစ်ခွက်
ဘာလို့ချဉ်ချင်းတပ်နေရမှာလဲ။
မီးစုန်းရဲ့
တောက်ပမှုမျိုးနဲ့
လင်းလက်ချင်သူတို့ရယ်။
ဆော်ဒါမသုံးဘဲ
ပေါင်မုန့်လို
ပွယောင်းနေတဲ့လူတွေရယ်။
သားရှောသွားတဲ့
ကမ္ဘာမြေရဲ့ ငြီးတွားသံရယ်။
အရာရာအတွက်
ရာသီဥတုတချို့နဲ့
စိတ်ဝမ်းကွဲနေခဲ့။
ရယ်သံတို့
ဒလိမ့်ခေါက်ကွေး ပြိုကျရာ
ရင်ခေါင်းတစ်လျောက်
တဲတဲမျင်မျင်i ရှန်သန်နေတာ
ထူတူထဲထဲ နာမကျန်းမှုသာ။ ။
အောင်ဘညို
စပယ်ဖြူ ၁၉၉၂၊ စက်တင်ဘာ
Jul 29, 2006
ဒုတိယတန်းစားနေ့
ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 12:06 AM 0 comments
ကဏ္ဍ - Poems
Jul 27, 2006
ချစ်သူသို့
သံချေးတစ်ထပ် ရွံ့တစ်ထပ်မို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်း ဘယ်လိုမှ ဖတ်ရမှာ မဟုတ်ဘူး။
အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် အိပ်ပစ်လိုက်ကွယ်
ချစ်သူရေ
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ။
စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
.. ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့ ။
ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆိုတာ။
(တာရာမင်းဝေ)
( “မိုးခေါင်လို့တီးတဲ့ ဗုံသံ” ကဗျာစာအုပ်မှ)
ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 10:06 PM 0 comments
ကဏ္ဍ - Poems
Subscribe to:
Posts (Atom)