Feb 18, 2009

တစ်ကမ္ဘာကို ဘယ်လောက်ကြာမြင့်သလဲ



အာယုကပ်
-အသင်္ချေ သက်တမ်းကနေ ၁၀ နှစ်သက်တမ်းအထိ ဆုတ်လာတဲ့ ဆုတ်ကပ်
-၁၀ နှစ် သက်တမ်းကနေ အသင်္ချေ သက်တမ်းအထိ တက်သွားတဲ့ တက်ကပ်

အန္တရကပ်
အာယုကပ်အရ ဆုက်ကပ်နှင့် တက်ကပ် တစ်ကြိမ်စီပြည့်ပြီးလျှင် အန္တရကပ်

အသင်္ချေရကပ်
အန္တရကပ် ၆၄ ကြိမ်ပြည့်လျှင် အသင်္ချေရကပ်

အသင်္ချေရကပ် ၄ မျိုးမှာ -
သံဝဋ္ဋ (သံဝတ်ထ ဟု အသံထွက်) ကပ် - ကမ္ဘာပျက်ဆဲကပ်
သံဝဋ္ဋဌာယီ (သံဝတ်ထထာရီ ဟု အသံထွက်) ကပ် - ကမ္ဘာပျက်ပြီး တည်နေဆဲကပ်
ဝိ၀ဋ္ဋ (၀ိဝတ်ထ ဟု အသံထွက်) ကပ် - ကမ္ဘာဖြစ်ဆဲကပ်
ဝိ၀ဋ္ဋဌာယီ (၀ိဝတ်ထထာရီ ဟု အသံထွက်) ကပ် - ကမ္ဘာဖြစ်ပြီး တည်နေဆဲကပ်

မဟာကပ်
အသင်္ချေရကပ် ၄ ကြိမ်၎ခါ ပြည့်လျှင် မဟာကပ် (သို့မဟုတ်) တစ်ကမ္ဘာ

Read More...

Feb 4, 2009

ယောနသံနဲ့ တွေ့ဆုံခြင်း

“ယောနသံနဲ့ တွေ့ဆုံခြင်း”

ပျံသန်းမှုကို တတ်မြောက်ဖို့
ပျံသန်းမှုက လွတ်မြောက်ဖို့
ငါတို့ ပျံသန်းကြတယ်

ရှေ့က ကျောက်ဆောင်ကို ၀င်တိုးဖို့
အောက်က ချောက်နက်ထဲ ထိုးဆင်းဖို့
ငါတို့ ပျံသန်းကြတယ်

ပျံသန်းမှုကို အဓိပ္ပာယ်ဖွင့်ဖို့
ပျံသန်းမှုက ဖောက်ထွက်ဖို့
ငါတို့ ပျံသန်းကြတယ်

သွားလိုရာကို တမဟုတ်ချင်းရောက်ဖို့
နာမ်နဲ့ရုပ်နဲ့ ကွဲပြားအောင် ရှုမှတ်သိမြင်ဖို့
ငါတို့ ပျံသန်းကြတယ်

လောကဓမ္မကို နားလည်ဖို့
သောင်ပြင်ပေါ်က ဌက်တွေထက် အမြင့်ကြီးပျံဖို့
ငါတို့ ပျံသန်းကြတယ်။

သောင်ပြင်ပေါ်မှာ ခြေရာတွေ များပေမယ့်
တိမ်တွေပေါ်မှာ ခြေရာတွေ နည်းတယ်
သာမန်လောက် ပျံကြတာ များပေမယ့်
စိတ်စေရာအတိုင်း ပျံကြတာ နည်းတယ်
ယောနသံရဲ့ စကားသံအဆုံးမှာ
ငါတို့ ပျံသန်းကြတော့တယ်။

ခေလွန်း

Read More...